2. ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။
3. ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။
4. အပြစ်ကိုပြုနေသောသူတိုင်းသည် တရားမဲ့သောအမှုကိုလည်းပြု၏။ အပြစ်သည် တရားမဲ့ခြင်းဖြစ်၏။
5. ကိုယ်တော်သည် အပြစ်များကိုယူဆောင်သွားရန် ပေါ်ထွန်းတော်မူခဲ့ကြောင်း သင်တို့သိကြ၏။ ကိုယ်တော်၌ကား မည်သည့်အပြစ်မျှမရှိ။
6. ကိုယ်တော်၌တည်နေသောသူတိုင်းသည် အပြစ်ပြုနေခြင်းမရှိ။ အပြစ်ပြုနေသောသူတိုင်းသည် ကိုယ်တော်ကိုမသိမမြင်ဖူးချေ။