ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:1-12 Myanmar Standard Bible (MSB)

1. ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ရန် ခ​မည်း​တော်​သည် မည်​မျှ​ကြီး​မား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို ဆင်​ခြင်​ကြ​လော့။ အ​မှန်​ပင် ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​သိ​သော​ကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။

2. ချစ်​ရ​သော​သူ​တို့၊ ယ​ခု ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ အ​နာ​ဂတ်​တွင် ငါ​တို့​မည်​သို့​ဖြစ်​ကြ​မည်​ကို ထင်​ရှား​စွာ​မ​သိ​ရ​သေး​သော်​လည်း ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ပ​က​တိ​အ​ဖြစ်​တော်​အ​တိုင်း မြင်​ရ​ကြ​မည်​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။

3. ကိုယ်​တော်​၌ ဤ​သို့​မျှော်​လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်​တော်​သန့်​ရှင်း​စင်​ကြယ်​တော်​မူ​သည့်​နည်း​တူ မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​စေ​တတ်​၏။

4. အ​ပြစ်​ကို​ပြု​နေ​သော​သူ​တိုင်း​သည် တ​ရား​မဲ့​သော​အ​မှု​ကို​လည်း​ပြု​၏။ အ​ပြစ်​သည် တ​ရား​မဲ့​ခြင်း​ဖြစ်​၏။

5. ကိုယ်​တော်​သည် အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​ရန် ပေါ်​ထွန်း​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်​တော်​၌​ကား မည်​သည့်​အ​ပြစ်​မျှ​မ​ရှိ။

6. ကိုယ်​တော်​၌​တည်​နေ​သော​သူ​တိုင်း​သည် အ​ပြစ်​ပြု​နေ​ခြင်း​မ​ရှိ။ အ​ပြစ်​ပြု​နေ​သော​သူ​တိုင်း​သည် ကိုယ်​တော်​ကို​မ​သိ​မ​မြင်​ဖူး​ချေ။

7. သား​သ​မီး​တို့၊ သင်​တို့​ကို မည်​သူ​မျှ မ​လှည့်​ဖြား​စေ​နှင့်။ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ​သည့်​နည်း​တူ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​သည် ဖြောင့်​မတ်​၏။

8. အ​ပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​၏။ အ​ကြောင်း​မူ​ကား မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် အ​ပြစ်​ပြု​လျက်​ရှိ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ပေါ်​ထွန်း​တော်​မူ​ခဲ့​သည်​မှာ မာရ်​နတ်​၏​လုပ်​ဆောင်​မှု​တို့​ကို ပယ်​ဖျက်​ရန်​အ​တွက်​ဖြစ်​၏။

9. ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ မည်​သူ​၌​မ​ဆို ဘု​ရား​သ​ခင်​၏​မျိုး​စေ့​တည်​နေ​သည်​ဖြစ်​၍ ထို​သူ​သည် အ​ပြစ်​ကို​ပြု​နေ​ခြင်း​မ​ရှိ။ သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​ကြောင့် အ​ပြစ်​ကို​ဆက်​၍​မ​ပြု​နိုင်။

10. ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ မိ​မိ​ညီ​အစ်​ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ ဤ​သို့​သော​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့် မာရ်​နတ်​၏​သား​သ​မီး​များ​ကို ခွဲ​ခြား​သိ​ရှိ​နိုင်​၏။

11. ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ရ​မည်​ဟူ​သော ဤ​သ​တင်း​စ​ကား​သည် အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ရ​သော​သ​တင်း​စ​ကား​ဖြစ်​၏။

12. မာရ်​နတ်​နှင့်​စပ်​ဆိုင်​သော​သူ​ဖြစ်​ပြီး မိ​မိ​၏​ညီ​ကို​သတ်​သော​ကာ​ဣ​န​ကဲ့​သို့ မ​ဖြစ်​ကြ​နှင့်။ အ​ဘယ်​ကြောင့် ညီ​ကို​သတ်​သ​နည်း​ဟူ​မူ​ကား သူ​၏​လုပ်​ဆောင်​မှု​သည် ဆိုး​ညစ်​၍ သူ့​ညီ​၏​လုပ်​ဆောင်​မှု​သည် ဖြောင့်​မတ်​သော​ကြောင့်​ဖြစ်​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3