ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:7-22 Myanmar Standard Bible (MSB)

7. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ အ​စ​အ​ဦး​က​ပင် သင်​တို့​၌​ရှိ​သော ပ​ညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပ​ညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်​က​ပတ်​တော်​ဖြစ်​၏။

8. တစ်​ဖန် ကိုယ်​တော်​၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း မှန်​ကန်​သော​ပ​ညတ်​သစ်​ကို သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​၏။ အ​ကြောင်း​မူ​ကား မှောင်​မိုက်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​၍ စစ်​မှန်​သော​အ​လင်း​သည် ထွန်း​တောက်​ပြီ​ဖြစ်​၏။

9. ငါ​သည် အ​လင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်​၌​ရှိ​သေး​၏။

10. မိ​မိ​ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည် အ​လင်း​၌​တည်​သည်​ဖြစ်​၍ ထို​သူ​၌ မှား​ယွင်း​စေ​သော​အ​ရာ​မ​ရှိ။

11. မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​မူ​ကား မှောင်​မိုက်​၌​ရှိ​၍ မှောင်​မိုက်​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​၏။ မှောင်​မိုက်​သည် သူ​၏​မျက်​စိ​ကို​ကွယ်​စေ​သ​ဖြင့် သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​နေ​သည်​ကို မ​သိ။

12. သား​သ​မီး​တို့၊ သင်​တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

13. ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် မ​ကောင်း​သော​အ​ရာ​ကို အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏

14. သား​သ​မီး​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၌​တည်​သ​ဖြင့် မ​ကောင်း​သော​အ​ရာ​ကို သင်​တို့​အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

15. လော​က​ကို​လည်း​ကောင်း၊ လော​က​၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း မ​ချစ်​ကြ​နှင့်။ မည်​သူ​မ​ဆို လော​က​ကို​ချစ်​လျှင် ခ​မည်း​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။

16. အ​ကြောင်း​မူ​ကား လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​၏​တပ်​မက်​ခြင်း၊ မျက်​စိ​၏​တပ်​မက်​ခြင်း၊ စည်း​စိမ်​၌​ကြွား​ဝါ​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်။ လော​က​နှင့်​သာ​စပ်​ဆိုင်​၏။

17. လော​က​နှင့်​လော​ကီ​တပ်​မက်​ခြင်း​တို့​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက်​တည်​၏။

18. သား​သ​မီး​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​၏။ ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ရောက်​လာ​တော့​မည်​ဟု သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ယ​ခု​ပင် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​အ​မြောက်​အ​မြား​ပေါ်​လာ​ကြ​ပြီ။ ထို့​ကြောင့် ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။

19. ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​၏။ သို့​သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မှန်​လျှင် ငါ​တို့​နှင့်​အ​တူ​နေ​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​ထွက်​သွား​ကြ​သည်​မှာ သူ​တို့​အား​လုံး ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်​လွင်​ထင်​ရှား​စေ​ရန်​ဖြစ်​၏။

20. သင်​တို့​မူ​ကား သန့်​ရှင်း​တော်​မူ​သော​အ​ရှင်​ထံ​မှ ဘိ​သိက်​ကျေး​ဇူး​ကို ခံ​စား​ရ​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ​ကြ​၏။

21. သင်​တို့​သည် သမ္မာ​တ​ရား​ကို​မ​သိ​ကြ​သော​ကြောင့် မ​ဟုတ်​ဘဲ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ လိမ်​လည်​ခြင်း​ရှိ​သ​မျှ​တို့​သည် သမ္မာ​တ​ရား​နှင့်​မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

22. လိမ်​လည်​သော​သူ​ကား မည်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ငြင်း​ပယ်​သော​သူ​မ​ဟုတ်​လော။ ခ​မည်း​တော်​နှင့်​သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ဖြစ်​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2