ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2:20-29 Myanmar Standard Bible (MSB)

20. သင်​တို့​မူ​ကား သန့်​ရှင်း​တော်​မူ​သော​အ​ရှင်​ထံ​မှ ဘိ​သိက်​ကျေး​ဇူး​ကို ခံ​စား​ရ​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ​ကြ​၏။

21. သင်​တို့​သည် သမ္မာ​တ​ရား​ကို​မ​သိ​ကြ​သော​ကြောင့် မ​ဟုတ်​ဘဲ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ လိမ်​လည်​ခြင်း​ရှိ​သ​မျှ​တို့​သည် သမ္မာ​တ​ရား​နှင့်​မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

22. လိမ်​လည်​သော​သူ​ကား မည်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ငြင်း​ပယ်​သော​သူ​မ​ဟုတ်​လော။ ခ​မည်း​တော်​နှင့်​သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ဖြစ်​၏။

23. သား​တော်​ကို​ငြင်း​ပယ်​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို​မ​ရ။ သား​တော်​ကို​ဝန်​ခံ​သော​သူ​သည် ခ​မည်း​တော်​ကို​ရ​၏။

24. အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထို​သို့ အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်း​ကောင်း၊ ခ​မည်း​တော်​၌​လည်း​ကောင်း တည်​ကြ​လိမ့်​မည်။

25. ဤ​သည်​ကား ငါ​တို့​အား ကိုယ်​တော်​ပေး​တော်​မူ​သည့် က​တိ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

26. သင်​တို့​ကို​လှည့်​ဖြား​သော​သူ​တို့​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

27. သင်​တို့​မူ​ကား ကိုယ်​တော်​ထံ​မှ​ခံ​စား​ရ​သော​ဘိ​သိက်​ကျေး​ဇူး​သည် သင်​တို့​၌​တည်​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ သင်​တို့​ကို​သင်​ပေး​ရန် မ​လို​အပ်​ပေ။ ထို​ဘိ​သိက်​ကျေး​ဇူး​သည် မှန်​ကန်​၍ လိမ်​လည်​ခြင်း​ကင်း​လျက် အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား သင်​ပေး​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​အား သင်​ပေး​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

28. ထို့​ကြောင့် သား​သ​မီး​တို့၊ ငါ​တို့​သည် ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သည့်​အ​ချိန်​တွင် ရှေ့​တော်​၌ ရှက်​ကြောက်​ခြင်း​မ​ရှိ​စေ​ရန် ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

29. ကိုယ်​တော်​ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​တိုင်း​သည် ကိုယ်​တော်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2