ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:5-13 Myanmar Standard Bible (MSB)

5. သို့​ဖြစ်​၍ ဂုဏ်​သ​ရေ​ရှိ​အ​မျိုး​သ​မီး၊ ပ​ညတ်​တော်​အ​သစ်​မ​ဟုတ်​ဘဲ အ​စ​အ​ဦး​က​ပင် ငါ​တို့​၌​ရှိ​သော​ပ​ညတ်​တော်​ကို သင့်​ထံ​ရေး​သား​လျက် ငါ​တို့​အ​ချင်း​ချင်း​ချစ်​ကြ​စို့​ဟု ယ​ခု သင့်​အား ငါ​တောင်း​ပန်​၏။

6. ချစ်​ခြင်း​မေတ္တာ​ဆို​သည်​မှာ ကိုယ်​တော်​၏​ပ​ညတ်​တော်​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ခြင်း​ဖြစ်​၏။ ထို​ပ​ညတ်​တော်​သည်​ကား အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ချစ်​ခြင်း​မေတ္တာ​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ခြင်း​ဖြစ်​၏။

7. အ​ကြောင်း​မူ​ကား ယေ​ရှု​ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​ဖြင့်​ကြွ​လာ​တော်​မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်​ဖြား​သော​သူ​များ​စွာ​တို့​သည် ဤ​လော​က​၌​ပေါ်​လာ​ကြ​ပြီ။ ထို​သို့​သော​သူ​သည် လှည့်​ဖြား​သော​သူ​ဖြစ်​ပြီး ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​လည်း​ဖြစ်​၏။

8. သင်​တို့​သည် ငါ​တို့​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​ကို​မ​ဆုံး​ရှုံး​စေ​ဘဲ အ​ကျိုး​ကျေး​ဇူး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​စေ​ရန် မိ​မိ​တို့​ကိုယ်​ကို​သ​တိ​ပြု​ကြ​လော့။

9. ခ​ရစ်​တော်​၏​သွန်​သင်​ချက်​၌​မ​တည်​ဘဲ ၎င်း​ကို​ကျော်​လွန်​သော​သူ​တိုင်း​သည် ဘု​ရား​သ​ခင်​ကို​မ​ရ​ရှိ​ပေ။ ထို​သွန်​သင်​ချက်​၌​တည်​သော​သူ​သည် ခ​မည်း​တော်​နှင့်​သား​တော်​ကို​ရ​ရှိ​၏။

10. ဤ​သွန်​သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံ​သို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်​ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။

11. အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​ကို​နှုတ်​ခွန်း​ဆက်​လျှင် သူ​၏​ဆိုး​ညစ်​သော​အ​မှု​၌ ပါ​ဝင်​ရာ​ရောက်​၏။

12. သင်​တို့​ထံ ငါ​ရေး​စ​ရာ​များ​စွာ​ရှိ​သော်​လည်း စက္ကူ​နှင့်​မင်​ဖြင့်​ငါ​မ​ရေး​လို​ပေ။ ငါ​တို့​၏​ဝမ်း​မြောက်​ခြင်း​ပြည့်​ဝ​စုံ​လင်​မည့်​အ​ကြောင်း သင်​တို့​ထံ​သို့​လာ​၍ မျက်​နှာ​ချင်း​ဆိုင်​စ​ကား​ပြော​ဆို​ရန် ငါ​မျှော်​လင့်​ထား​၏။

13. ရွေး​ကောက်​ခံ​ရ​သော သင့်​ညီ​မ​၏​သား​သ​မီး​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ​၏။

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1