1. သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ငါချစ်သည့် ရွေးကောက်ခံရသော ဂုဏ်သရေရှိအမျိုးသမီးနှင့် သူ၏သားသမီးများထံသို့ စာရေးလိုက်ပါ၏။ သင်တို့ကို ငါတစ်ဦးတည်းသာ ချစ်သည်မဟုတ်။ သမ္မာတရားကိုသိသောသူအပေါင်းတို့သည်လည်း သင်တို့ကိုချစ်ကြ၏။
2. ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။
3. ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာတို့ကိုအမှီပြုလျက် ငါတို့၌ရှိပါစေသော။
4. သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။
5. သို့ဖြစ်၍ ဂုဏ်သရေရှိအမျိုးသမီး၊ ပညတ်တော်အသစ်မဟုတ်ဘဲ အစအဦးကပင် ငါတို့၌ရှိသောပညတ်တော်ကို သင့်ထံရေးသားလျက် ငါတို့အချင်းချင်းချစ်ကြစို့ဟု ယခု သင့်အား ငါတောင်းပန်၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် 1