ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:3-9 Myanmar Standard Bible (MSB)

3. ယေ​ရှု​က “ဤ​သူ​အ​ပြစ်​ပြု​သော​ကြောင့်​မ​ဟုတ်၊ သူ့​မိ​ဘ​က​အ​ပြစ်​ပြု​သော​ကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​များ​ထင်​ရှား​စေ​ရန်​အ​တွက်​သာ​ဖြစ်​၏။

4. ငါ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု​တော်​များ​ကို နေ့​အ​ချိန်​ရှိ​စဉ် လုပ်​ဆောင်​ရ​မည်။ မည်​သူ​မျှ​အ​လုပ်​မ​လုပ်​နိုင်​သော ည​အ​ချိန်​ရောက်​လာ​လိမ့်​မည်။

5. ငါ​သည် ဤ​လော​က​၌​ရှိ​နေ​စဉ် ဤ​လော​က​၏​အ​လင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

6. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​လျှင် မျက်​မ​မြင်​၏​မျက်​စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက်

7. “ရှိ​လောင်​ရေ​ကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​ဓိပ္ပာယ်​မှာ စေ​လွှတ်​ခြင်း​ခံ​ရ​သူ ဟူ​၍​ဖြစ်​၏။) ထို့​ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်​စိ​မြင်​လျက်​ပြန်​လာ​၏။

8. ထို​အ​ခါ အိမ်​နီး​ချင်း​များ​နှင့် ယ​ခင်​က သူ​သည် သူ​တောင်း​စား​ဖြစ်​ခဲ့​ကြောင်း​ကို သိ​မြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်း​စား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

9. လူ​အ​ချို့​တို့​က “ထို​သူ​ပင်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​လည်း “မ​ဟုတ်​ပါ။ ထို​သူ​နှင့်​တူ​ရုံ​သာ​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က “အ​ကျွန်ုပ်​ပင်​ဖြစ်​သည်”​ဟု ဆို​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9