22. သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
23. ထိုအကြောင်းကြောင့် သူ၏မိဘတို့က “သူသည် အရွယ်ရောက်နေပါပြီ။ သူ့ကိုမေးကြပါလော့”ဟု ဆိုကြခြင်းဖြစ်၏။
24. ထိုအခါ ဂျူးလူမျိုးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ “ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းကို ငါတို့သိ၏”ဟု ဆိုကြ၏။
25. သူကလည်း “ထိုသူသည် အပြစ်သားဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာတစ်ခုမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းဖြစ်သည်”ဟု ဖြေကြားလေ၏။