ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:18-26 Myanmar Standard Bible (MSB)

18. သို့​ဖြစ်​လင့်​က​စား ဂျူး​လူ​မျိုး​တို့​သည် ယ​ခင်​က မျက်​မ​မြင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မြင်​လာ​ပြီ​ဟူ​သော ထို​သူ​၏​အ​ကြောင်း​ကို မ​ယုံ​ကြ​သ​ဖြင့် နောက်​ဆုံး​တွင် မျက်​စိ​မြင်​လာ​သော ထို​သူ​၏​မိ​ဘ​တို့​ကို​ခေါ်​၍

19. “ဤ​သူ​သည် မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သ​လော။ မှန်​သည်​ဆို​လျှင် သူ​သည် ယ​ခု မည်​သို့​မျက်​စိ​မြင်​လာ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

20. မိ​ဘ​တို့​က​လည်း “ဤ​သူ​သည် အ​ကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်း​ကောင်း၊ မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

21. သို့​သော် ယ​ခု မည်​သို့​မျက်​စိ​မြင်​လာ​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်​စိ​မြင်​အောင် မည်​သူ​ပြု​လုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အ​ရွယ်​ရောက်​နေ​ပါ​ပြီ။ သူ့​အ​ကြောင်း​ကို သူ​ကိုယ်​တိုင်​ပြော​ပြ​ပါ​လိမ့်​မည်”​ဟု ပြန်​ပြော​ကြ​၏။

22. သူ​၏​မိ​ဘ​တို့​သည် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​၍ ဤ​သို့​ပြော​ဆို​ကြ​ခြင်း​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​တို့​သည် မည်​သူ​မ​ဆို ယေ​ရှု​ကို ခ​ရစ်​တော်​ဖြစ်​ကြောင်း​ဝန်​ခံ​လျှင် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ထုတ်​ပယ်​မည်​ဟု သ​ဘော​တူ​ဆုံး​ဖြတ်​ထား​သော​ကြောင့်​ဖြစ်​၏။

23. ထို​အ​ကြောင်း​ကြောင့် သူ​၏​မိ​ဘ​တို့​က “သူ​သည် အ​ရွယ်​ရောက်​နေ​ပါ​ပြီ။ သူ့​ကို​မေး​ကြ​ပါ​လော့”​ဟု ဆို​ကြ​ခြင်း​ဖြစ်​၏။

24. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​၍ “ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လော့။ ထို​သူ​သည် အ​ပြစ်​သား​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​၏”​ဟု ဆို​ကြ​၏။

25. သူ​က​လည်း “ထို​သူ​သည် အ​ပြစ်​သား​ဖြစ်​သည် မ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သိ​သော​အ​ရာ​တစ်​ခု​မှာ အ​ကျွန်ုပ်​သည် မျက်​မ​မြင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မြင်​ရ​သည့်​အ​ကြောင်း​ဖြစ်​သည်”​ဟု ဖြေ​ကြား​လေ​၏။

26. ထို​သူ​တို့​က​လည်း “သူ​သည် သင်​၌ မည်​သည့်​အ​ရာ​ကို​ပြု​သ​နည်း။ သင်​၏​မျက်​စိ​ကို​မည်​ကဲ့​သို့​မြင်​စေ​သ​နည်း”​ဟု မေး​မြန်း​ကြ​လျှင်

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9