ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:13-21 Myanmar Standard Bible (MSB)

13. လူ​တို့​သည် ယ​ခင်​က မျက်​မ​မြင်​ဖြစ်​ခဲ့​သော​ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့​ခေါ်​သွား​ကြ​၏။

14. ယေ​ရှု​သည် ရွှံ့​လုပ်​၍ ထို​သူ​ကို​မျက်​စိ​မြင်​အောင်​ပြု​လုပ်​တော်​မူ​သော​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

15. ထို့​ကြောင့် ဖာ​ရိ​ရှဲ​တို့​သည်​လည်း သူ​၏​မျက်​စိ​မြင်​လာ​ခဲ့​ပုံ​ကို သူ့​အား မေး​မြန်း​ကြ​ပြန်​၏။ သူ​က​လည်း “ထို​သူ​သည် အ​ကျွန်ုပ်​၏​မျက်​စိ​ပေါ်​တွင် ရွှံ့​ကို​လူး​၍ အ​ကျွန်ုပ်​ဆေး​လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်”​ဟု ဆို​၏။

16. ထို​အ​ခါ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က “ဤ​သူ​သည် ဥ​ပုသ်​နေ့​ကို​မ​စောင့်​ထိန်း​သော​ကြောင့် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့​သော် အ​ချို့​တို့​က “အ​ပြစ်​သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤ​သို့​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို မည်​သို့​ပြု​နိုင်​မည်​နည်း”​ဟု ဆို​ကြ​သ​ဖြင့် သူ​တို့​ထဲ​တွင်​ကွဲ​ပြား​ခြင်း​ရှိ​၏။

17. ထို့​ကြောင့် ဖာ​ရိ​ရှဲ​တို့​သည် ထို​မျက်​မ​မြင်​အား “သင့်​ကို​မျက်​စိ​မြင်​စေ​သော​သူ​၏​အ​ကြောင်း​ကို သင်​မည်​သို့​ဆို​မည်​နည်း”​ဟု နောက်​တစ်​ဖန်​မေး​မြန်း​ကြ​လျှင် “ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဖြေ​ကြား​လေ​၏။

18. သို့​ဖြစ်​လင့်​က​စား ဂျူး​လူ​မျိုး​တို့​သည် ယ​ခင်​က မျက်​မ​မြင်​ဖြစ်​ခဲ့​သော်​လည်း ယ​ခု​မြင်​လာ​ပြီ​ဟူ​သော ထို​သူ​၏​အ​ကြောင်း​ကို မ​ယုံ​ကြ​သ​ဖြင့် နောက်​ဆုံး​တွင် မျက်​စိ​မြင်​လာ​သော ထို​သူ​၏​မိ​ဘ​တို့​ကို​ခေါ်​၍

19. “ဤ​သူ​သည် မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သ​လော။ မှန်​သည်​ဆို​လျှင် သူ​သည် ယ​ခု မည်​သို့​မျက်​စိ​မြင်​လာ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

20. မိ​ဘ​တို့​က​လည်း “ဤ​သူ​သည် အ​ကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်း​ကောင်း၊ မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သည်​ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

21. သို့​သော် ယ​ခု မည်​သို့​မျက်​စိ​မြင်​လာ​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သူ့​ကို​မျက်​စိ​မြင်​အောင် မည်​သူ​ပြု​လုပ်​ပေး​ခဲ့​သည်​ကို​လည်း မ​သိ​ကြ​ပါ။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် အ​ရွယ်​ရောက်​နေ​ပါ​ပြီ။ သူ့​အ​ကြောင်း​ကို သူ​ကိုယ်​တိုင်​ပြော​ပြ​ပါ​လိမ့်​မည်”​ဟု ပြန်​ပြော​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9