ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:7-19 Myanmar Standard Bible (MSB)

7. ထို​သူ​တို့​အ​ထပ်​ထပ်​မေး​မြန်း​ကြ​သော​အ​ခါ ယေ​ရှု​သည် ကိုယ်​ကို​မတ်​တော်​မူ​၍ “သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် သူ့​ကို ခဲ​နှင့်​အ​ဦး​ဆုံး​ပေါက်​စေ”​ဟု မိန့်​တော်​မူ​ပြီး​လျှင်

8. တစ်​ဖန်​ငုံ့​လျက် မြေ​ပေါ်​တွင် ဆက်​၍​ရေး​တော်​မူ​၏။

9. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ အ​သက်​ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်​သွား​ကြ​သ​ဖြင့် ယေ​ရှု​တစ်​ပါး​တည်း​သာ အ​လယ်​၌​ရှိ​နေ​သော​ထို​မိန်း​မ​နှင့် ကျန်​ရစ်​ခဲ့​၏။

10. ထို​အ​ခါ ယေ​ရှု​သည် ကိုယ်​ကို​မတ်​တော်​မူ​၍ “အ​သင်​မိန်း​မ၊ ထို​သူ​တို့​အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သင့်​ကို​ပြစ်​ဒဏ်​စီ​ရင်​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော”​ဟု မေး​တော်​မူ​လျှင်

11. ထို​မိန်း​မ​က “တစ်​ယောက်​မျှ​မ​ရှိ​ပါ သ​ခင်​ဘု​ရား”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “ငါ​သည်​လည်း သင့်​ကို​ပြစ်​ဒဏ်​မ​စီ​ရင်။ သွား​လော့။ ယ​ခု​မှ​စ​၍ နောက်​တစ်​ဖန်​အ​ပြစ်​မ​ပြု​နှင့်”​ဟု မိန့်​တော်​မူ​၏။]

12. တစ်​ဖန် ယေ​ရှု​သည် လူ​တို့​အား​မြွက်​ဆို​တော်​မူ​၍ “ငါ​သည် ဤ​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ မှောင်​မိုက်​၌​သွား​လာ​ခြင်း​မ​ရှိ​ဘဲ အ​သက်​၏​အ​လင်း​ကို​ရ​ရှိ​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​က “သင်​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​နေ​၏။ သင်​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ”​ဟု ဆို​ကြ​၏။

14. ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော်​လည်း ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို ငါ​သိ​၏။ သင်​တို့​မူ​ကား ငါ​မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​မည်​ကို​မ​သိ​ကြ။

15. သင်​တို့​သည် လူ့​စံ​နှုန်း​အ​တိုင်း စီ​ရင်​တတ်​ကြ​၏။ ငါ​မူ​ကား မည်​သူ့​ကို​မျှ​မ​စီ​ရင်။

16. သို့​သော် ငါ​စီ​ရင်​မည်​ဆို​လျှင်​လည်း ငါ​တစ်​ဦး​တည်း​စီ​ရင်​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​စီ​ရင်​တော်​မူ​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် မှန်​ကန်​၏။

17. သင်​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌​လည်း ‘သက်​သေ​နှစ်​ဦး​ထွက်​ဆို​သည့်​သက်​သေ​ခံ​ချက်​သည် အ​မှန်​ဖြစ်​၏’​ဟု ရေး​ထား​၏။

18. ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​သော​သူ​ဖြစ်​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

19. ထို​သူ​တို့​က​လည်း “သင်​၏​ခ​မည်း​တော်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​ကြ​သော် ယေ​ရှု​က “သင်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8