ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:54-59 Myanmar Standard Bible (MSB)

54. ယေ​ရှု​က​လည်း “ငါ​သည် ကိုယ့်​ဘုန်း​ကို​ကိုယ်​ထင်​ရှား​စေ​လျှင် ငါ့​ဘုန်း​သည် အ​ချည်း​နှီး​ဖြစ်​၏။ ငါ့​ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​သော​အ​ရှင်​ကား ငါ့​ခ​မည်း​တော်​ဖြစ်​၏။ သင်​တို့​သည် ထို​အ​ရှင်​ကို ‘အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​သည်’​ဟု ဆို​ကြ​သော်​လည်း

55. သူ့​ကို​မ​သိ​ကြ။ ငါ​မူ​ကား သိ​၏။ ထို​အ​ရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့​သို့​လိမ်​လည်​သော​သူ​ဖြစ်​လိမ့်​မည်။ သို့​ရာ​တွင် ငါ​သည် ထို​အ​ရှင်​ကို​သိ​၍ သူ​၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​၏။

56. သင်​တို့​အ​ဖ​အာ​ဗြ​ဟံ​သည် ငါ​၏​နေ့​ရက်​ကို​တွေ့​မြင်​ရ​မည်​ဖြစ်​၍ ရွှင်​မြူး​လျက် တွေ့​မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​လေ​၏”​ဟု မိန့်​တော်​မူ​၏။

57. ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် အ​သက်​ငါး​ဆယ်​ပင်​မ​ရှိ​သေး​ဘဲ အာ​ဗြ​ဟံ​ကို​မြင်​ဖူး​သ​လော”​ဟု ဆို​ကြ​၏။

58. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အာ​ဗြ​ဟံ​မ​မွေး​ဖွား​မီ​က​ပင် ငါ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

59. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ပေါက်​ရန် ကျောက်​ခဲ​တို့​ကို​ကောက်​ယူ​ကြ​၏။ သို့​သော် ယေ​ရှု​သည် တိမ်း​ရှောင်​၍​ဗိ​မာန်​တော်​မှ ထွက်​ခွာ​သွား​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8