ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:43-47 Myanmar Standard Bible (MSB)

43. သင်​တို့​သည် ငါ​ပြော​ဆို​သော​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။ ငါ​၏​တ​ရား​စ​ကား​ကို သင်​တို့​နာ​ယူ​နိုင်​စွမ်း​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။

44. သင်​တို့​သည် သင်​တို့​၏​အ​ဖ​မာရ်​နတ်​နှင့်​စပ်​ဆိုင်​ကြ​ပြီး သင်​တို့​အ​ဖ​၏​ဆန္ဒ​အ​တိုင်း​ပြု​လို​ကြ​၏။ မာရ်​နတ်​သည် အ​စ​အ​ဦး​က​ပင် လူ​သတ်​သ​မား​ဖြစ်​၏။ သူ​၌​သမ္မာ​တ​ရား​မ​ရှိ​သော​ကြောင့် သမ္မာ​တ​ရား​၌​မ​ရပ်​တည်။ သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​ပြီး လိမ်​လည်​ခြင်း​၏​အ​ဖ​လည်း​ဖြစ်​သော​ကြောင့် လိမ်​လည်​ပြော​ဆို​သော​အ​ခါ မိ​မိ​ပင်​ကို​အ​တိုင်း​ပြော​ဆို​၏။

45. ငါ​မူ​ကား သမ္မာ​တ​ရား​ကို​ပြော​ဆို​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ။

46. သင်​တို့​တွင် မည်​သူ​သည် ငါ​၌​အ​ပြစ်​ရှိ​ကြောင်း ဖော်​ပြ​နိုင်​သ​နည်း။ သမ္မာ​တ​ရား​ကို ငါ​ပြော​ဆို​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံ​ကြည်​ကြ​သ​နည်း။

47. ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​စ​ကား​တော်​တို့​ကို​နား​ထောင်​၏။ သင်​တို့​နား​မ​ထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​ကြ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8