13. ထိုအခါ ဖာရိရှဲတို့က “သင်သည် ကိုယ့်အကြောင်းကိုသက်သေခံနေ၏။ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိ”ဟု ဆိုကြ၏။
14. ယေရှုကလည်း “ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကို ငါသိ၏။ သင်တို့မူကား ငါမည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကိုမသိကြ။
15. သင်တို့သည် လူ့စံနှုန်းအတိုင်း စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှမစီရင်။
16. သို့သော် ငါစီရင်မည်ဆိုလျှင်လည်း ငါတစ်ဦးတည်းစီရင်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် ငါနှင့်အတူစီရင်တော်မူသည်ဖြစ်၍ ငါ၏စီရင်ဆုံးဖြတ်ချက်သည် မှန်ကန်၏။
17. သင်တို့၏ပညတ်တရားကျမ်း၌လည်း ‘သက်သေနှစ်ဦးထွက်ဆိုသည့်သက်သေခံချက်သည် အမှန်ဖြစ်၏’ဟု ရေးထား၏။
18. ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။