69. ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
70. ယေရှုကလည်း “တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
71. ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။