ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:37-41 Myanmar Standard Bible (MSB)

37. ငါ့​အား​ခ​မည်း​တော်​ပေး​တော်​မူ​သော​သူ​မှန်​သ​မျှ​သည် ငါ့​ထံ​သို့​လာ​မည်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်​သည့်​အ​ခါ​မျှ​နှင်​ထုတ်​မည်​မ​ဟုတ်။

38. အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​အ​လို​ကို ဆောင်​ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ရန် ကောင်း​ကင်​မှ​ဆင်း​သက်​၏။

39. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကား ငါ့​ထံ​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သ​မျှ​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​ဆုံး​ရှုံး​ဘဲ နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​ရန်​ဖြစ်​၏။

40. အ​မှန်​စင်​စစ် ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံ​ကြည်​သော​သူ​တိုင်း ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

41. ယေ​ရှု​က “ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​က

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6