ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:29-37 Myanmar Standard Bible (MSB)

29. ယေ​ရှု​က “ဘု​ရား​သ​ခင်​၏​အ​မှု​တော်​မှာ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

30. သူ​တို့​က​လည်း “သို့​ဖြစ်​လျှင် အ​ကျွန်ုပ်​တို့​မြင်​၍ ကိုယ်​တော်​ကို​ယုံ​ကြည်​နိုင်​ရန် မည်​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ကိုယ်​တော်​ပြု​တော်​မူ​မည်​နည်း။ မည်​သည့်​အ​မှု​ကို ဆောင်​ရွက်​ပေး​တော်​မူ​မည်​နည်း။

31. ကျမ်း​စာ​၌ ‘ကောင်း​ကင်​မှ​မုန့်​ကို သူ​တို့​စား​ရန်​ပေး​တော်​မူ​၏’​ဟူ​၍ ရေး​ထား​သည့်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည် တော​ကန္တာ​ရ​တွင် မန္န​ကို​စား​ကြ​ရ​သည်”​ဟု လျှောက်​ကြ​၏။

32. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကောင်း​ကင်​မှ​မုန့်​ကို သင်​တို့​အား ပေး​ခဲ့​သူ​မှာ မော​ရှေ​မ​ဟုတ်။ ငါ့​ခ​မည်း​တော်​က​သာ ကောင်း​ကင်​မှ​စစ်​မှန်​သော​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ​၏။

33. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​မုန့်​သည် ကောင်း​ကင်​မှ​ဆင်း​သက်​၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

34. ထို​အ​ခါ သူ​တို့​က “သ​ခင်​ဘု​ရား၊ ထို​မုန့်​ကို အ​ကျွန်ုပ်​တို့​အား အ​စဉ်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

35. ယေ​ရှု​က​လည်း “ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ ဆာ​လောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည်​လည်း မည်​သည့်​အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။

36. သို့​ရာ​တွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။

37. ငါ့​အား​ခ​မည်း​တော်​ပေး​တော်​မူ​သော​သူ​မှန်​သ​မျှ​သည် ငါ့​ထံ​သို့​လာ​မည်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်​သည့်​အ​ခါ​မျှ​နှင်​ထုတ်​မည်​မ​ဟုတ်။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6