ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:29-41 Myanmar Standard Bible (MSB)

29. ထွက်​လာ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ညစ်​သော​အ​မှု​ကို​ပြု​ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း အ​သီး​သီး​ထွက်​လာ​ကြ​လိမ့်​မည်။

30. ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အ​တိုင်း​သာ တ​ရား​စီ​ရင်​၍ ကိုယ့်​အ​လို​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​သော​ကြောင့် ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် ဖြောင့်​မတ်​၏။

31. ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ။

32. ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သည့် အ​ခြား​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။ ထို​အ​ရှင်​ပေး​သည့် ငါ​နှင့်​ပတ်​သက်​သော​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​ကြောင်း​ကို ငါ​သိ​၏။

33. သင်​တို့​သည် ယော​ဟန်​ထံ​သို့ လူ​ကို​စေ​လွှတ်​ကြ​ရာ သူ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ခဲ့​၏။

34. ထို​သို့​ဆို​သော် လူ​၏​သက်​သေ​ခံ​ချက်​ကို ငါ​ခံ​ယူ​သည်​မ​ဟုတ်။ သို့​ရာ​တွင် သင်​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ရန် ဤ​အ​ရာ​များ​ကို ငါ​ပြော​၏။

35. ယော​ဟန်​သည် တောက်​လောင်​၍​ထွန်း​လင်း​သော​ဆီ​မီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အ​လင်း​၌ ခေတ္တ​ခ​ဏ​ရွှင်​မြူး​လို​ကြ​၏။

36. ငါ​၌​မူ​ကား ယော​ဟန်​ထက် ကြီး​မြတ်​သော​သက်​သေ​ခံ​ချက်​ရှိ​၏။ ငါ​ပြီး​မြောက်​အောင်​ဆောင်​ရွက်​ရန် ငါ့​အား​ခ​မည်း​တော်​ပေး​အပ်​တော်​မူ​သော​အ​မှု​များ​ဖြစ်​သည့် ယ​ခု​ငါ​ပြု​နေ​သော​အ​မှု​များ​က​ပင် ခ​မည်း​တော်​သည် ငါ့​အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။

37. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကိုယ်​တိုင်​သည်​လည်း ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​၏။ သင်​တို့​မူ​ကား တစ်​ခါ​မျှ သူ​၏​အ​သံ​တော်​ကို​မ​ကြား၊ အ​ဆင်း​သဏ္ဌာန်​တော်​ကို​လည်း​မ​မြင်​ဖူး​ကြ။

38. သူ​၏​နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့​၌​မ​တည်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​မ​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

39. သင်​တို့​သည် ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​မည်​ဟု​ထင်​မှတ်​၍ ကျမ်း​စာ​ကို​စူး​စမ်း​လေ့​လာ​နေ​ကြ​၏။ ထို​ကျမ်း​စာ​က​ပင် ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​၏။

40. သို့​သော် သင်​တို့​သည် အ​သက်​ကို​ရ​ရှိ​ရန် ငါ့​ထံ​သို့​မ​လာ​လို​ကြ။

41. ငါ​သည် လူ​တို့​ပေး​သော ဘုန်း​အ​သ​ရေ​ကို​မ​ခံ​မ​ယူ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5