3. ထိုမုခ်ဆောင်တို့၌ မျက်မမြင်များ၊ ခြေမသန်စွမ်းသူများ၊ အကြောသေချည့်နဲ့သူများနှင့် နာမကျန်းဖြစ်သူအမြောက်အမြားတို့သည် လဲလျောင်းနေကြ၏။ [သူတို့သည် ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေခြင်းဖြစ်၏။
4. အကြောင်းမှာ ကောင်းကင်တမန်သည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားသည့်နောက် ရေထဲသို့ အဦးဆုံးဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းတတ်၏။]
5. ထိုနေရာတွင် သုံးဆယ့်ရှစ်နှစ်ပတ်လုံး နာမကျန်းဖြစ်သူတစ်ဦးရှိ၏။
6. ထိုသူလဲလျောင်းနေသည်ကို ယေရှုမြင်တော်မူ၍ ကာလကြာမြင့်စွာခံစားနေရသောအဖြစ်ကိုသိသဖြင့် “သင်သည် အကောင်းပကတိဖြစ်လိုသလော”ဟု မေးတော်မူ၏။
7. နာမကျန်းဖြစ်သူက “သခင်ဘုရား၊ ရေလှုပ်ရှားသောအခါ အကျွန်ုပ်ကို ရေကန်ထဲသို့ချပေးမည့်သူမရှိပါ။ အကျွန်ုပ်ဆင်းသွားမည်ပြုစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ထက် အလျင်ဦးစွာဆင်းသွားပါသည်”ဟု ပြန်လျှောက်လေ၏။
8. ယေရှုကလည်း “ထလော့။ သင့်အိပ်ရာကိုဆောင်ယူ၍ လမ်းလျှောက်လော့”ဟု မိန့်တော်မူလျှင်
9. ထိုသူသည် ချက်ချင်းအကောင်းပကတိဖြစ်လာ၍ မိမိ၏အိပ်ရာကိုဆောင်ယူလျက် လမ်းလျှောက်လေ၏။ ထိုနေ့ကား ဥပုသ်နေ့ဖြစ်၏။
22-23. လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ သားတော်ကိုရိုသေကြရန် ခမည်းတော်သည် မည်သူ့ကိုမျှတရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားပေးအပ်တော်မူပြီ။ သားတော်ကိုမရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။
24. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်၏။
25. သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
26. အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။
27. သားတော်သည် လူ့သားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အားပေးအပ်တော်မူပြီ။
28. ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများ၌ရှိသောသူအပေါင်းတို့သည် သားတော်၏အသံကိုကြား၍
29. ထွက်လာမည့်အချိန်ရောက်လာလိမ့်မည်။ ကောင်းသောအမှုကိုပြုသောသူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကိုပြုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သောရှင်ပြန်ထမြောက်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြလိမ့်မည်။
30. ငါသည် ကိုယ့်ဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာသောကြောင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်၏။
31. ငါသည် ကိုယ့်အကြောင်းကိုသက်သေခံလျှင် ငါ၏သက်သေခံချက်သည် မှန်ကန်မှုမရှိ။
32. ငါ့အကြောင်းကိုသက်သေခံသည့် အခြားသောအရှင်တစ်ပါးရှိ၏။ ထိုအရှင်ပေးသည့် ငါနှင့်ပတ်သက်သောသက်သေခံချက်သည် မှန်ကန်ကြောင်းကို ငါသိ၏။
33. သင်တို့သည် ယောဟန်ထံသို့ လူကိုစေလွှတ်ကြရာ သူသည် သမ္မာတရားဘက်၌သက်သေခံခဲ့၏။