47. ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။
48. ယေရှုကလည်း “သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
49. ထိုမှူးမတ်က “သခင်ဘုရား၊ အကျွန်ုပ်၏သားမသေမီ ကြွလာတော်မူပါ”ဟု လျှောက်လေ၏။
50. ယေရှုကလည်း “သွားလော့။ သင်၏သား အသက်ချမ်းသာရာရပြီ”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်သည် မိမိအား ယေရှုမိန့်တော်မူသောစကားကိုယုံကြည်၍ ပြန်သွားလေ၏။
51. အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။
52. ထိုအခါ သူသည် မိမိ၏သား သက်သာသွားသည့်အချိန်ကို အစေခံတို့အားမေးမြန်းလျှင် သူတို့က “မနေ့မွန်းလွဲတစ်နာရီတွင် အဖျားပျောက်သွားပါသည်”ဟု လျှောက်ကြ၏။