ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3:9-19 Myanmar Standard Bible (MSB)

9. နိ​ကော​ဒင်​က​လည်း “ဤ​အ​ရာ​တို့​သည် မည်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း”​ဟု လျှောက်​ပြန်​သော်

10. ယေ​ရှု​က “သင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​၏​ဆ​ရာ​ဖြစ်​လျက်​နှင့် ဤ​အ​ရာ​များ​ကို နား​မ​လည်​သ​လော။

11. သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို​ပြော​ဆို​လျက် ကိုယ်​မြင်​သော​အ​ရာ​ကို​သက်​သေ​ခံ​၏။ သို့​သော် သင်​တို့​သည် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​လက်​မ​ခံ​ကြ။

12. လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံ​ကြည်​ကြ​လျှင် ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ငါ​ပြော​သော​အ​ခါ သင်​တို့​သည် မည်​သို့​ယုံ​ကြည်​ကြ​မည်​နည်း။

13. ကောင်း​ကင်​မှ​ဆင်း​သက်​သော​လူ့​သား​မှ​တစ်​ပါး ကောင်း​ကင်​သို့​တက်​သွား​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

16. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို စွန့်​တော်​မူ​သည့်​တိုင်​အောင် လော​ကီ​သား​တို့​ကို​ချစ်​တော်​မူ​၏။ ဤ​သည်​ကား သား​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း မ​ပျက်​စီး​ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​ရန်​ဖြစ်​၏။

17. ဘု​ရား​သ​ခင်​သည် သား​တော်​ကို ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သည်​မှာ လော​ကီ​သား​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​ရန်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် သား​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​အ​တွက်​ဖြစ်​၏။

18. သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော်​၏​နာ​မ​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၏။

19. စီ​ရင်​ဆုံး​ဖြတ်​ချက်​ကား ဤ​သို့​ဖြစ်​၏။ အ​လင်း​သည် ဤ​လော​က​သို့​ရောက်​ရှိ​ပြီ​ဖြစ်​သော်​လည်း လူ​တို့​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​မ​ကောင်း​သော​ကြောင့် အ​လင်း​ထက် အ​မှောင်​ကို ပို​၍​နှစ်​သက်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3