ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3:5-14-15 Myanmar Standard Bible (MSB)

10. ယေ​ရှု​က “သင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​၏​ဆ​ရာ​ဖြစ်​လျက်​နှင့် ဤ​အ​ရာ​များ​ကို နား​မ​လည်​သ​လော။

11. သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို​ပြော​ဆို​လျက် ကိုယ်​မြင်​သော​အ​ရာ​ကို​သက်​သေ​ခံ​၏။ သို့​သော် သင်​တို့​သည် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​လက်​မ​ခံ​ကြ။

12. လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံ​ကြည်​ကြ​လျှင် ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ငါ​ပြော​သော​အ​ခါ သင်​တို့​သည် မည်​သို့​ယုံ​ကြည်​ကြ​မည်​နည်း။

13. ကောင်း​ကင်​မှ​ဆင်း​သက်​သော​လူ့​သား​မှ​တစ်​ပါး ကောင်း​ကင်​သို့​တက်​သွား​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3