26. သူတို့သည် ယောဟန်ထံသို့လာ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရဗ္ဗိနှင့်အတူရှိ၍ ရဗ္ဗိက သက်သေခံပေးခဲ့သူသည် ဗတ္တိဇံပေးလျက်နေသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့သွားကြပါသည်”ဟု လျှောက်လေ၏။
27. ယောဟန်က “ကောင်းကင်မှပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှမရနိုင်။
28. ‘ငါသည် ခရစ်တော်မဟုတ်။ သူ့ရှေ့၌စေလွှတ်ခြင်းခံရသူသာဖြစ်သည်’ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင် ငါ၏သက်သေများဖြစ်ကြ၏။
29. သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။