ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3:2-18 Myanmar Standard Bible (MSB)

2. သူ​သည် ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​၍ “ရဗ္ဗိ၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော်​မ​မူ​လျှင် ကိုယ်​တော်​ပြု​နေ​သော ဤ​နိ​မိတ်​လက္ခ​ဏာ​များ​ကို မည်​သူ​မျှ ပြု​နိုင်​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

3. ယေ​ရှု​က “သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ​သည် အ​သစ်​တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

4. နိ​ကော​ဒင်​က​လည်း “အ​သက်​ကြီး​သော​သူ​သည် မည်​ကဲ့​သို့ မွေး​ဖွား​ခြင်း​ခံ​နိုင်​မည်​နည်း။ သူ့​မိ​ခင်​၏​ဝမ်း​ထဲ​သို့ နောက်​တစ်​ဖန်​ဝင်​၍ မွေး​ဖွား​ခြင်း​ကို​ခံ​နိုင်​ပါ​မည်​လော”​ဟု လျှောက်​လေ​၏။

5. ယေ​ရှု​က “သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ​သည် ရေ​နှင့်​ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​ခြင်း​ကို​မ​ခံ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​နိုင်။

6. အ​သွေး​အ​သား​အား​ဖြင့် မွေး​ဖွား​သော​အ​ရာ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်​၏။

7. ‘သင်​တို့​သည် အ​သစ်​တစ်​ဖန်​မွေး​ဖွား​ခြင်း​ခံ​ရ​မည်’​ဟု ငါ​ဆို​သော​ကြောင့် မ​အံ့​သြ​နှင့်။

8. လေ​သည် အ​လို​ရှိ​ရာ​သို့​တိုက်​တတ်​၏။ သင်​သည် သူ့​အ​သံ​ကို​ကြား​ရ​သော်​လည်း မည်​သည့်​အ​ရပ်​မှ​လာ​၍ မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။ ဝိ​ညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သော​သူ​တိုင်း​လည်း ထို​နည်း​တူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9. နိ​ကော​ဒင်​က​လည်း “ဤ​အ​ရာ​တို့​သည် မည်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း”​ဟု လျှောက်​ပြန်​သော်

10. ယေ​ရှု​က “သင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​၏​ဆ​ရာ​ဖြစ်​လျက်​နှင့် ဤ​အ​ရာ​များ​ကို နား​မ​လည်​သ​လော။

11. သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို​ပြော​ဆို​လျက် ကိုယ်​မြင်​သော​အ​ရာ​ကို​သက်​သေ​ခံ​၏။ သို့​သော် သင်​တို့​သည် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​လက်​မ​ခံ​ကြ။

12. လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​၍ သင်​တို့​မ​ယုံ​ကြည်​ကြ​လျှင် ကောင်း​ကင်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ငါ​ပြော​သော​အ​ခါ သင်​တို့​သည် မည်​သို့​ယုံ​ကြည်​ကြ​မည်​နည်း။

13. ကောင်း​ကင်​မှ​ဆင်း​သက်​သော​လူ့​သား​မှ​တစ်​ပါး ကောင်း​ကင်​သို့​တက်​သွား​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ။

16. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို စွန့်​တော်​မူ​သည့်​တိုင်​အောင် လော​ကီ​သား​တို့​ကို​ချစ်​တော်​မူ​၏။ ဤ​သည်​ကား သား​တော်​ကို​ယုံ​ကြည်​သော​သူ​တိုင်း မ​ပျက်​စီး​ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​ရန်​ဖြစ်​၏။

17. ဘု​ရား​သ​ခင်​သည် သား​တော်​ကို ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သည်​မှာ လော​ကီ​သား​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​ရန်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် သား​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​အ​တွက်​ဖြစ်​၏။

18. သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော်​၏​နာ​မ​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3