1. ဖာရိရှဲတို့ထဲတွင် နိကောဒင်အမည်ရှိသော ဂျူးလူမျိုးတို့၏အကြီးအကဲတစ်ဦးရှိ၏။
2. သူသည် ညအခါ ယေရှုထံသို့လာ၍ “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတူပါရှိတော်မမူလျှင် ကိုယ်တော်ပြုနေသော ဤနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
3. ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်”ဟု ပြန်၍မိန့်တော်မူ၏။
4. နိကောဒင်ကလည်း “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”ဟု လျှောက်လေ၏။
5. ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။
6. အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
14-15. မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။