ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:4-8 Myanmar Standard Bible (MSB)

4. မိုး​လင်း​ချိန်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​နေ​တော်​မူ​၏။ သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။

5. ထို​အ​ခါ ယေ​ရှု​က “ချစ်​သား​တို့၊ သား​ငါး​တစ်​စုံ​တစ်​ရာ​ရှိ​သ​လော”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။

6. ကိုယ်​တော်​က​လည်း “လှေ​၏​ယာ​ဘက်​တွင် ပိုက်​ကွန်​ကို​ပစ်​ချ​ကြ​လော့။ ထို​သို့​ပြု​လျှင် ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။ ထို့​ကြောင့် သူ​တို့​သည် ပိုက်​ကွန်​ကို​ပစ်​ချ​ကြ​ရာ ငါး​များ​စွာ​မိ​သ​ဖြင့် ပိုက်​ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။

7. ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က ပေ​တ​ရု​အား “သ​ခင်​ဘု​ရား​ပေ​တည်း”​ဟု ဆို​လေ​၏။ ရှိ​မုန်​ပေ​တ​ရု​သည် သ​ခင်​ဘု​ရား​ဖြစ်​ကြောင်း ကြား​သော​အ​ခါ အ​ဝတ်​ချွတ်​ထား​သည်​ဖြစ်​၍ အ​ပေါ်​အ​ဝတ်​ကို ခါး​၌​စည်း​ပြီး​လျှင် ပင်​လယ်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။

8. အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား ကမ်း​နှင့်​မ​ဝေး​လှ​ဘဲ ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​သည့်​နေ​ရာ​၌​ရှိ​ကြ​သော​ကြောင့် ငါး​နှင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ဆွဲ​လျက် လှေ​ငယ်​ဖြင့်​လာ​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21