ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:21-25 Myanmar Standard Bible (MSB)

21. ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​သူ​ကား မည်​သို့​ဖြစ်​မည်​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​၏။

22. ယေ​ရှု​က​လည်း “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း။ သင်​သည် ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

23. သို့​ဖြစ်​၍ “ထို​တ​ပည့်​တော်​သည် သေ​ရ​မည်​မ​ဟုတ်”​ဟူ​သော​စ​ကား​သည် ညီ​အစ်​ကို​တို့​ကြား​တွင် ပျံ့​နှံ့​သွား​၏။ သို့​သော် ယေ​ရှု​က “ထို​သူ​သည် သေ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည်​မ​ဟုတ်​ဘဲ “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း”​ဟူ​၍​သာ မိန့်​တော်​မူ​၏။

24. ဤ​အ​ကြောင်း​အ​ရာ​များ​ကို သက်​သေ​ခံ​၍ ရေး​ထား​သော​သူ​မှာ ထို​တ​ပည့်​တော်​ပင်​ဖြစ်​၏။ သူ​၏​သက်​သေ​ခံ​ချက်​မှန်​ကန်​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။

25. ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​များ​ကို တစ်​ခု​ချင်း​ရေး​ထား​ပါ​က ဤ​ကမ္ဘာ​ကြီး​၌​ပင် ထို​ရေး​ထား​သော​ကျမ်း​ဂန်​များ​ဆန့်​မည်​မ​ဟုတ်​ဟု ငါ​ထင်​မှတ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21