ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:20-23 Myanmar Standard Bible (MSB)

20. ပေ​တ​ရု​သည် လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​သည် နောက်​မှ​လိုက်​လာ​သည်​ကို မြင်​လေ​၏။ ထို​တ​ပည့်​တော်​သည် ယ​ခင်​ည​စာ​စား​စဉ်​က ယေ​ရှု​၏​ရင်​ခွင်​တော်​သို့​ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​ခဲ့​သူ​လည်း​ဖြစ်​၏။

21. ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ဤ​သူ​ကား မည်​သို့​ဖြစ်​မည်​နည်း”​ဟု ယေ​ရှု​အား မေး​လျှောက်​၏။

22. ယေ​ရှု​က​လည်း “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း။ သင်​သည် ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်​မူ​၏။

23. သို့​ဖြစ်​၍ “ထို​တ​ပည့်​တော်​သည် သေ​ရ​မည်​မ​ဟုတ်”​ဟူ​သော​စ​ကား​သည် ညီ​အစ်​ကို​တို့​ကြား​တွင် ပျံ့​နှံ့​သွား​၏။ သို့​သော် ယေ​ရှု​က “ထို​သူ​သည် သေ​ရ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည်​မ​ဟုတ်​ဘဲ “ငါ​ကြွ​လာ​သည့်​တိုင်​အောင် သူ့​ကို​အ​သက်​ရှင်​စေ​ရန် ငါ​အ​လို​ရှိ​လျှင်​လည်း သင်​နှင့်​မည်​သို့​ဆိုင်​သ​နည်း”​ဟူ​၍​သာ မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21