ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20:20-23 Myanmar Standard Bible (MSB)

20. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် လက်​တော်​နှင့်​နံ​ဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ဘု​ရား​ကို​မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​ကြ​၏။

21. တစ်​ဖန် ယေ​ရှု​က “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း သင်​တို့​ကို​စေ​လွှတ်​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် သူ​တို့​အ​ပေါ်​မှုတ်​တော်​မူ​လျက် “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​လော့။

23. တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ခွင့်​လွှတ်​လျှင် ထို​သူ​သည် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​၏။ တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ချည်​နှောင်​ထား​လျှင် ထို​အ​ပြစ်​များ​သည် သူ​၌ ချည်​နှောင်​ထား​ခြင်း​ခံ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20