15. ယေရှုကလည်း “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
16. ယေရှုကလည်း “မာရိ”ဟုခေါ်တော်မူလျှင် မာရိသည်လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗုနိ”ဟုထူးလေ၏။ (ရဗ္ဗုနိအဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
17. ယေရှုကလည်း “ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
18. မာဂဒလမြို့သူမာရိသည် သွား၍ “သခင်ဘုရားကို ကျွန်မတွေ့မြင်ခဲ့ပြီ”ဟု တပည့်တော်တို့အားဆိုပြီးလျှင် မိမိအားမိန့်မှာတော်မူသောအရာများကိုပြောကြားလေ၏။
19. ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သဖြင့် မိမိတို့ရှိရာနေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
20. ထိုသို့မိန့်တော်မူပြီးနောက် လက်တော်နှင့်နံဘေးတော်တို့ကို သူတို့အားပြတော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားကိုမြင်ရသောအခါ ဝမ်းမြောက်ကြ၏။
21. တစ်ဖန် ယေရှုက “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏”ဟု မိန့်တော်မူ၏။
22. ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက် “သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။