ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2:22-25 Myanmar Standard Bible (MSB)

22. ထို့​ကြောင့် ယေ​ရှု​သည် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သော​ဤ​စ​ကား​ကို ပြန်​လည်​သ​တိ​ရ​ကာ ကျမ်း​စာ​နှင့် ယေ​ရှု​မိန့်​တော်​မူ​သော​စ​ကား​ကို ယုံ​ကြည်​ကြ​၏။

23. ပ​သ​ခါ​ပွဲ​တော်​အ​တော​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ယေ​ရှု​ရှိ​တော်​မူ​စဉ် များ​စွာ​သော​လူ​တို့​သည် ကိုယ်​တော်​ပြု​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို မြင်​ရ​သ​ဖြင့် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ကြ​၏။

24. သို့​သော် ယေ​ရှု​သည် မိ​မိ​ကိုယ်​ကို သူ​တို့​ထံ​၌​ပုံ​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် လူ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၍

25. လူ​၏​စိတ်​ထဲ​၌​ရှိ​သော​အ​ရာ​ကို​သိ​တော်​မူ​သော​ကြောင့် လူ​၏​အ​ကြောင်း​ကို မည်​သူ​က​မျှ သက်​သေ​ခံ​ပေး​ရန်​မ​လို​အပ်​ပေ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2