38. ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။
39. ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။
40. ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။
41. လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။
42. ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။