ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:28-35 Myanmar Standard Bible (MSB)

28. ထို့​နောက် ယေ​ရှု​သည် အ​မှု​အ​လုံး​စုံ​ပြီး​စီး​ပြီ​ဖြစ်​ကြောင်း သိ​တော်​မူ​၍ ကျမ်း​စာ​ကို​ပြည့်​စုံ​စေ​ရန် “ငါ​ရေ​ငတ်​သည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​အ​ရပ်​၌ ဝိုင်​ချဉ်​အ​ပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထား​ရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်​ချဉ်​ဝ​နေ​သော​ရေ​မြှုပ်​ကို ဟုဿုပ်​ရိုး​တံ​အ​ဖျား​၌​တပ်​လျက် နှုတ်​ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။

30. ထို​သို့ ဝိုင်​ချဉ်​ကို​ခံ​ယူ​ပြီး​သော​အ​ခါ ယေ​ရှု​သည် “အ​မှု​ပြီး​ပြီ”​ဟု မိန့်​တော်​မူ​လျက် ဦး​ခေါင်း​တော်​ငိုက်​စိုက်​ကျ​ကာ အ​သက်​ကို​စွန့်​တော်​မူ​၏။

31. ထို​နေ့​သည် ပြင်​ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်​တစ်​နေ့​သည် ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ထို​ဥ​ပုသ်​နေ့​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​လောင်း​များ​မ​ရှိ​စေ​လို​သ​ဖြင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ တင်​ထား​ခြင်း​ခံ​ရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အ​လောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိ​လတ်​မင်း​ထံ တောင်း​ဆို​ကြ​၏။

32. ထို့​ကြောင့် စစ်​သား​တို့​သည်​လာ​၍ ယေ​ရှု​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သူ ပ​ထ​မ​တစ်​ဦး​၏​ခြေ​နှင့် နောက်​တစ်​ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။

33. သို့​သော် ယေ​ရှု​ထံ​သို့​ရောက်​၍ ကိုယ်​တော်​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့​မြင်​သော​အ​ခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ

34. စစ်​သား​တစ်​ဦး​က နံ​ဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထို​အ​ခါ သွေး​နှင့်​ရေ​သည် ချက်​ချင်း​ထွက်​လာ​၏။

35. ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​သူ​သည် သက်​သေ​ခံ​ခဲ့​၍ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန်​ကန်​၏။ သင်​တို့​သည်​လည်း ယုံ​ကြည်​ကြ​ရန် သူ​သည် မှန်​ကန်​စွာ​ပြော​ဆို​နေ​ကြောင်း သူ​ကိုယ်​တိုင်​သိ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19