ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:10-20 Myanmar Standard Bible (MSB)

10. သို့​ဖြစ်​၍ ပိ​လတ်​မင်း​က “သင်​သည် ငါ့​ကို​စ​ကား​မ​ပြော​ဘဲ​နေ​သ​လော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အ​ခွင့်​အာ​ဏာ​ရှိ​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​နိုင်​သော အ​ခွင့်​အာ​ဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သ​လော”​ဟု ဆို​၏။

11. ယေ​ရှု​က “အ​ထက်​အ​ရပ်​မှ​ပေး​အပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အ​ပေါ် မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ ထို့​ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်​နှံ​သော​သူ​၌ ပို​၍​ကြီး​လေး​သော​အ​ပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​မှ​စ​၍ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​ပေး​ရန် ကြိုး​စား​ရှာ​ကြံ​၏။ သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က “အ​ရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​၏​ဘက်​တော်​သား​မ​ဟုတ်​ပါ။ မိ​မိ​ကိုယ်​ကို​ဘု​ရင်​ဖြစ်​သည်​ဟု ကြေ​ညာ​သော​သူ​အား​လုံး​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ကို​ဆန့်​ကျင်​ပြော​ဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​ကြ​၏။

13. ပိ​လတ်​မင်း​သည် ထို​စ​ကား​တို့​ကို​ကြား​သော​အ​ခါ ယေ​ရှု​ကို အ​ပြင်​သို့​ခေါ်​ဆောင်​လာ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဂဗ္ဗ​သ​အ​မည်​ရှိ​သည့် ကျောက်​ခင်း​စင်္ကြံ​ဟု​ခေါ်​ဝေါ်​သော​နေ​ရာ​မှ တ​ရား​ပလ္လင်​ပေါ်​တွင် ထိုင်​လေ​၏။

14. ထို​နေ့​သည် ပ​သ​ခါ​ပွဲ​တော်​အ​တွက် ပြင်​ဆင်​ရာ​နေ့​ဖြစ်​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ရှိ​၏။ ပိ​လတ်​မင်း​သည် ဂျူး​လူ​မျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘု​ရင်​ပေ​တည်း”​ဟု ဆို​လေ​၏။

15. ထို​အ​ခါ သူ​တို့​က “သုတ်​သင်​လိုက်​ပါ၊ သုတ်​သင်​လိုက်​ပါ၊ သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “သင်​တို့​၏​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​က “အ​ကျွန်ုပ်​တို့​တွင် ဆီ​ဇာ​ဧ​က​ရာဇ်​မှ​လွဲ​၍ အ​ခြား​ဘု​ရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

16. ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​စေ​ရန် သူ​တို့​လက်​သို့​အပ်​လိုက်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

17. ကိုယ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​ကို ကိုယ်​တိုင်​ထမ်း​လျက် ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​ခေါ်​သော​နေ​ရာ​သို့ ထွက်​သွား​တော်​မူ​၏။ (ထို​အ​ရပ်​ကို ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဂေါ​လ​ဂေါ​သ​ဟု​ခေါ်​သည်။)

18. သူ​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​ကို အ​ခြား​သော​သူ​နှစ်​ဦး​တို့​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​၏။ ယေ​ရှု​ကို​အ​လယ်​၌​ထား​၍ ထို​သူ​နှစ်​ဦး​တို့​ကို ကိုယ်​တော်​၏​တစ်​ဖက်​တစ်​ချက်​စီ​၌​ထား​ကြ​၏။

19. ပိ​လတ်​မင်း​သည် ကမ္ပည်း​ကို​လည်း ရေး​ထိုး​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တပ်​ထား​၏။ ထို​ကမ္ပည်း​တွင် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု”​ဟု ရေး​ထား​၏။

20. ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​သော​အ​ရပ်​သည် မြို့​နှင့်​နီး​သည့်​အ​ပြင် ထို​ကမ္ပည်း​ကို ဟေ​ဗြဲ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့် ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​ထား​သည်​ဖြစ်​၍ များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် ၎င်း​ကို​ဖတ်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19