ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:1-12 Myanmar Standard Bible (MSB)

1. ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ထုတ်​ဆောင်​၍ ဒဏ်​ခတ်​ရိုက်​နှက်​စေ​၏။

2. စစ်​သား​တို့​သည်​လည်း ဆူး​ပင်​ကို သ​ရ​ဖူ​အ​ဖြစ်​ရစ်​ခွေ​ပြီး ကိုယ်​တော်​၏​ဦး​ခေါင်း​ပေါ်​၌ ဆောင်း​စေ​၍ ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​စေ​ပြီး​လျှင်

3. ကိုယ်​တော်​ထံ​သို့​ချဉ်း​ကပ်​လျက် “ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော”​ဟု ဆို​ပြီး ကိုယ်​တော်​ကို​ရိုက်​ပုတ်​ကြ​၏။

4. ပိ​လတ်​မင်း​သည် နောက်​တစ်​ဖန် အ​ပြင်​သို့​ထွက်​လာ​၍ “နား​ထောင်​ကြ​လော့။ ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့​ကြောင်း သင်​တို့​သိ​မြင်​ရန် သူ့​ကို သင်​တို့​ရှိ​ရာ​သို့​ခေါ်​ဆောင်​လာ​မည်”​ဟု ဆို​၏။

5. ထို​အ​ခါ ယေ​ရှု​သည် ဆူး​သ​ရ​ဖူ​နှင့်​ခ​ရမ်း​ရောင်​ဝတ်​ရုံ​ကို ဝတ်​ဆင်​လျက် အ​ပြင်​သို့​ထွက်​လာ​၏။ ပိ​လတ်​မင်း​က​လည်း “ကြည့်​ပါ။ ဤ​သူ​ပင်​တည်း”​ဟု ဆို​၏။

6. ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် အ​စောင့်​တပ်​သား​တို့​သည် ကိုယ်​တော်​ကို​မြင်​သော​အ​ခါ “လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ၊ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “ငါ​သည် ဤ​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ မ​တွေ့​သော​ကြောင့် သင်​တို့​ကိုယ်​တိုင် သူ့​ကို​ခေါ်​သွား​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​လော့”​ဟု ဆို​လေ​၏။

7. ဂျူး​လူ​မျိုး​တို့​က​လည်း “အ​ကျွန်ုပ်​တို့​၌ ပ​ညတ်​တ​ရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေ​ညာ​သော​ကြောင့် ထို​ပ​ညတ်​တ​ရား​အ​ရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

8. ပိ​လတ်​မင်း​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ ပို​၍​ကြောက်​လာ​သ​ဖြင့်

9. ရုံး​တော်​ထဲ​သို့​ပြန်​ဝင်​ကာ ယေ​ရှု​အား “သင်​သည် မည်​သည့်​အ​ရပ်​မှ​လာ​သ​နည်း”​ဟု မေး​လေ​၏။ သို့​သော် ယေ​ရှု​သည် တစ်​ခွန်း​မျှ ဖြေ​ကြား​တော်​မ​မူ။

10. သို့​ဖြစ်​၍ ပိ​လတ်​မင်း​က “သင်​သည် ငါ့​ကို​စ​ကား​မ​ပြော​ဘဲ​နေ​သ​လော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အ​ခွင့်​အာ​ဏာ​ရှိ​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​နိုင်​သော အ​ခွင့်​အာ​ဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သ​လော”​ဟု ဆို​၏။

11. ယေ​ရှု​က “အ​ထက်​အ​ရပ်​မှ​ပေး​အပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အ​ပေါ် မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ ထို့​ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်​နှံ​သော​သူ​၌ ပို​၍​ကြီး​လေး​သော​အ​ပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​မှ​စ​၍ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​ပေး​ရန် ကြိုး​စား​ရှာ​ကြံ​၏။ သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က “အ​ရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​၏​ဘက်​တော်​သား​မ​ဟုတ်​ပါ။ မိ​မိ​ကိုယ်​ကို​ဘု​ရင်​ဖြစ်​သည်​ဟု ကြေ​ညာ​သော​သူ​အား​လုံး​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ကို​ဆန့်​ကျင်​ပြော​ဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19