ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:6-10 Myanmar Standard Bible (MSB)

6. ထို​သို့ ကိုယ်​တော်​က “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်​၌​လဲ​ကျ​ကြ​၏။

7. ထို့​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် သူ​တို့​အား “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။

8. ယေ​ရှု​က​လည်း “ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့​ဖြစ်​၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါ​လေ​စေ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9. ထို​သို့​မိန့်​တော်​မူ​သည်​မှာ “အ​ကျွန်ုပ်​ထံ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​တွင် မည်​သူ​မျှ အ​ကျွန်ုပ်​မ​ဆုံး​ရှုံး​ခဲ့​ပါ”​ဟု ကိုယ်​တော်​မြွက်​ဆို​ခဲ့​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

10. ထို​စဉ်​တွင် ရှိ​မုန်​ပေ​တ​ရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ယာ​ဘက်​နား​ရွက်​ပြတ်​သွား​လေ​၏။ ထို​အ​စေ​အ​ပါး​၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18