30. သူတို့ကလည်း “ဤသူသည် အပြစ်ကျူးလွန်သူမဟုတ်လျှင် သူ့ကို အရှင့်ထံသို့ အပ်နှံကြမည်မဟုတ်ပါ”ဟု ပြန်၍လျှောက်ကြ၏။
31. ထိုအခါ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြပါ”ဟု ဆို၏။ ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ မည်သူ့ကိုမျှ ကွပ်မျက်ပိုင်ခွင့်မရှိပါ”ဟု လျှောက်ကြ၏။
32. ဤသည်ကား မိမိသည် မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခဲ့သော ယေရှု၏စကားပြည့်စုံစေမည့်အကြောင်းတည်း။
33. ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
34. ယေရှုက “သင်သည် ကိုယ့်ဆန္ဒအလျောက် ဤသို့မေးသလော။ သို့မဟုတ် အခြားသောသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြသလော”ဟု ပြန်၍မေးတော်မူ၏။