ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 14:1-12 Myanmar Standard Bible (MSB)

1. သင်​တို့​စိတ်​ပူ​ပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံ​ကြည်​ကြ​လော့။

2. ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​၌ နေ​စ​ရာ​များ​စွာ​ရှိ​၏။ မ​ရှိ​ပါ​က မ​ရှိ​ကြောင်း သင်​တို့​အား ငါ​ပြော​ခဲ့​ပေ​လိမ့်​မည်။ သင်​တို့​အ​တွက် နေ​ရာ​ပြင်​ဆင်​ရန် ငါ​သွား​မည်။

3. ထို​သို့​သွား​၍ သင်​တို့​အ​တွက်​နေ​ရာ​ပြင်​ဆင်​ပြီး​လျှင် ငါ​ရှိ​ရာ​အ​ရပ်​၌ သင်​တို့​လည်း​ရှိ​စေ​ရန် တစ်​ဖန်​ပြန်​လာ​၍ သင်​တို့​ကို ငါ့​ထံ​သို့ ခေါ်​ယူ​သိမ်း​ဆည်း​မည်။

4. ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​သော​လမ်း​ကို သင်​တို့​သိ​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

5. သော​မ​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် မည်​သည့်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​သည်​ဖြစ်​၍ ထို​လမ်း​ကို မည်​သို့​သိ​နိုင်​ပါ​မည်​နည်း”​ဟု လျှောက်​လျှင်

6. ယေ​ရှု​က “ငါ​သည် လမ်း၊ သမ္မာ​တ​ရား​နှင့် အ​သက်​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​လျှင် မည်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​နိုင်​ရာ။

7. သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခ​မည်း​တော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်​မည်။ ယ​ခု​မှ​စ​၍ သင်​တို့​သည် ခ​မည်း​တော်​ကို​သိ​လျက် မြင်​ကြ​ရ​လေ​ပြီ”​ဟု မိန့်​တော်​မူ​၏။

8. ဖိ​လိပ္ပု​က “သ​ခင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ ထို​သို့​ပြ​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အ​တွက် လုံ​လောက်​ပါ​ပြီ”​ဟု လျှောက်​လေ​၏။

9. ယေ​ရှု​က “ဖိ​လိပ္ပု၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ဤ​မျှ​လောက်​ကြာ​မြင့်​စွာ​ရှိ​လျက်​နှင့်​ပင် သင်​သည် ငါ့​ကို​မ​သိ​ခဲ့​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်​လေ​ပြီ။ သို့​ဖြစ်​လျှင် ‘ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ’​ဟု သင်​မည်​သို့​ဆို​နိုင်​သ​နည်း။

10. ငါ​သည် ခ​မည်း​တော်​၌​ရှိ​၍ ခ​မည်း​တော်​သည် ငါ​၌​ရှိ​တော်​မူ​သည်​ကို သင်​မ​ယုံ​သ​လော။ သင်​တို့​အား ငါ​ပြော​ဆို​သော​စ​ကား​တို့​ကို ငါ့​ဆန္ဒ​အ​လျောက်​ငါ​ပြော​ဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်​မူ​သော​ခ​မည်း​တော်​သည် သူ​၏​အ​မှု​တော်​များ​ကို​ပြု​တော်​မူ​ခြင်း​သာ​ဖြစ်​၏။

11. ငါ​သည် ခ​မည်း​တော်​၌​ရှိ​၍ ခ​မည်း​တော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍ ယုံ​ကြ​လော့။

12. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက် ပို​၍​ကြီး​မြတ်​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ခ​မည်း​တော်​ထံ​သို့​သွား​မည်​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 14