ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:26-36 Myanmar Standard Bible (MSB)

26. ယေ​ရှု​က​လည်း “ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီး​မှ ၎င်း​ကို​ယူ​၍ ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ​၏။

27. ထို​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​သော​အ​ခါ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ​၏။ ထို့​ကြောင့် ယေ​ရှု​သည် ယု​ဒ​အား “သင်​ပြု​နေ​သည့်​အ​မှု​ကို အ​မြန်​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

28. သို့​သော် ကိုယ်​တော်​သည် ယု​ဒ​အား အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်​သူ​မျှ​မ​သိ​ကြ​ပေ။

29. အ​ချို့​တို့​က ယု​ဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်​၍ ယေ​ရှု​က သူ့​အား “ပွဲ​တော်​အ​တွက်​လို​အပ်​သော​အ​ရာ​များ​ကို ဝယ်​ယူ​လော့”​ဟူ​၍ သို့​မ​ဟုတ် “ဆင်း​ရဲ​သား​တို့​အား တစ်​စုံ​တစ်​ခု​ပေး​သင့်​သည်”​ဟူ​၍ မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ​၏။

30. ယု​ဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​လျှင် ချက်​ချင်း​ထွက်​သွား​လေ​၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်​၏။

31. ယု​ဒ​ထွက်​သွား​ပြီး​နောက် ယေ​ရှု​က “ယ​ခု​အ​ခါ လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​သည်​လည်း လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​ပြီ။

32. ဘု​ရား​သ​ခင်​သည် လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​လျှင် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့်​လည်း လူ့​သား​ကို​ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​၍ ထို​ဘုန်း​တော်​ကို ချက်​ချင်း​ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။

33. ချစ်​သား​တို့၊ ငါ​သည် သင်​တို့​နှင့်​အ​တူ ခ​ဏ​တာ​မျှ​သာ နေ​ရ​တော့​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင် ‘ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ’​ဟု ဂျူး​လူ​မျိုး​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု သင်​တို့​ကို​လည်း ငါ​ပြော​၏။

34. သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်း​တူ သင်​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​ချက်​အ​သစ်​ကို သင်​တို့​အား ငါ​ပေး​၏။

35. သင်​တို့​အ​ချင်း​ချင်း​ကြား​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်​၍ သင်​တို့​သည် ငါ့​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သိ​ကြ​လိမ့်​မည်”​ဟု​မိန့်​တော်​မူ​၏။

36. ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​မည်​သည့်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း”​ဟု မေး​လျှောက်​လျှင် ယေ​ရှု​က “ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည် ယ​ခု​မ​လိုက်​နိုင်။ သို့​သော် နောင်​အ​ခါ​တွင် လိုက်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13