ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:20-31 Myanmar Standard Bible (MSB)

20. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။

21. ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိန့်​တော်​မူ​ပြီး​သော​အ​ခါ စိတ်​တော်​ပူ​ပန်​လျက် “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု သက်​သေ​ခံ​လျက် မိန့်​တော်​မူ​၏။

22. တ​ပည့်​တော်​တို့​သည် မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို တွေး​မ​ရ​ဖြစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ကြည့်​နေ​ကြ​၏။

23. တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သည့် ယေ​ရှု​ချစ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​၏​ရင်​ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သ​ဖြင့်

24. မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို​မေး​ရန် ရှိ​မုန်​ပေ​တ​ရု​က ထို​တ​ပည့်​တော်​အား အ​ချက်​ပြ​လေ​၏။

25. သို့​ဖြစ်​၍ ထို​တ​ပည့်​တော်​သည် သူ့​နေ​ရာ​မှ ယေ​ရှု​၏​ရင်​ခွင်​တော်​သို့ ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ထို​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​လေ​၏။

26. ယေ​ရှု​က​လည်း “ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီး​မှ ၎င်း​ကို​ယူ​၍ ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ​၏။

27. ထို​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​သော​အ​ခါ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ​၏။ ထို့​ကြောင့် ယေ​ရှု​သည် ယု​ဒ​အား “သင်​ပြု​နေ​သည့်​အ​မှု​ကို အ​မြန်​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

28. သို့​သော် ကိုယ်​တော်​သည် ယု​ဒ​အား အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​တွင် မည်​သူ​မျှ​မ​သိ​ကြ​ပေ။

29. အ​ချို့​တို့​က ယု​ဒ​သည် ငွေ​အိတ်​ကို​ကိုင်​ရ​သည်​ဖြစ်​၍ ယေ​ရှု​က သူ့​အား “ပွဲ​တော်​အ​တွက်​လို​အပ်​သော​အ​ရာ​များ​ကို ဝယ်​ယူ​လော့”​ဟူ​၍ သို့​မ​ဟုတ် “ဆင်း​ရဲ​သား​တို့​အား တစ်​စုံ​တစ်​ခု​ပေး​သင့်​သည်”​ဟူ​၍ မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ​၏။

30. ယု​ဒ​သည် မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​လျှင် ချက်​ချင်း​ထွက်​သွား​လေ​၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်​၏။

31. ယု​ဒ​ထွက်​သွား​ပြီး​နောက် ယေ​ရှု​က “ယ​ခု​အ​ခါ လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​သည်​လည်း လူ့​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​တော်​မူ​ပြီ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13