ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:20-27 Myanmar Standard Bible (MSB)

20. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။

21. ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​များ​ကို မိန့်​တော်​မူ​ပြီး​သော​အ​ခါ စိတ်​တော်​ပူ​ပန်​လျက် “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​အ​ထဲ​မှ တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်”​ဟု သက်​သေ​ခံ​လျက် မိန့်​တော်​မူ​၏။

22. တ​ပည့်​တော်​တို့​သည် မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို တွေး​မ​ရ​ဖြစ်​သ​ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ကြည့်​နေ​ကြ​၏။

23. တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သည့် ယေ​ရှု​ချစ်​တော်​မူ​သော​သူ​သည် ကိုယ်​တော်​၏​ရင်​ခွင်​တော်​နား​မှာ ထိုင်​လျက်​နေ​သ​ဖြင့်

24. မည်​သူ့​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ကို​မေး​ရန် ရှိ​မုန်​ပေ​တ​ရု​က ထို​တ​ပည့်​တော်​အား အ​ချက်​ပြ​လေ​၏။

25. သို့​ဖြစ်​၍ ထို​တ​ပည့်​တော်​သည် သူ့​နေ​ရာ​မှ ယေ​ရှု​၏​ရင်​ခွင်​တော်​သို့ ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ထို​သူ​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​လေ​၏။

26. ယေ​ရှု​က​လည်း “ထို​သူ​ကား မုန့်​တစ်​ဖဲ့​ကို​ငါ​နှစ်​၍ ပေး​သော​သူ​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​ပြီး​လျှင် မုန့်​တစ်​ဖဲ့​ကို​နှစ်​ပြီး​မှ ၎င်း​ကို​ယူ​၍ ရှိ​မုန်​၏​သား ယု​ဒ​ဣ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ​၏။

27. ထို​မုန့်​တစ်​ဖဲ့​ကို​ခံ​ယူ​ပြီး​သော​အ​ခါ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ​၏။ ထို့​ကြောင့် ယေ​ရှု​သည် ယု​ဒ​အား “သင်​ပြု​နေ​သည့်​အ​မှု​ကို အ​မြန်​ပြု​လော့”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13