ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:5-20 Myanmar Standard Bible (MSB)

5. “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​အား မ​ပေး​ကမ်း​ခဲ့​သ​နည်း”​ဟု ဆို​၏။

6. ထို​သို့​ဆို​ခြင်း​မှာ သူ​သည် ဆင်း​ရဲ​သား​တို့​၏​အ​ကျိုး​ကို ထောက်​ထား​ငဲ့​ညှာ​၍​မ​ဟုတ်​ဘဲ မိ​မိ​သည် သူ​ခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်း​သိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

7. ထို့​ကြောင့် ယေ​ရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အ​တွက် သူ​သည် ဤ​ဆီ​မွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်​၍ သူ​ပြု​လို​ရာ​ပြု​ပါ​စေ။

8. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​တွင်​အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​တွင်​အ​စဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

9. များ​စွာ​သော​ဂျူး​လူ​မျိုး​အ​စု​အ​ဝေး​သည် ထို​အ​ရပ်​၌ ယေ​ရှု​ရှိ​တော်​မူ​ကြောင်း​ကို ကြား​သိ​သ​ဖြင့် ယေ​ရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​လည်း​တွေ့​မြင်​ရ​ရန် ရောက်​လာ​ကြ​၏။

10. ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် လာ​ဇ​ရု​ကို​လည်း​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် လာ​ဇ​ရု​ကြောင့် သူ​တို့​ကို​စွန့်​ခွာ​၍ ယေ​ရှု​ကို​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

12. နောက်​တစ်​နေ့​တွင် ပွဲ​တော်​သို့​ရောက်​လာ​သည့် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​မည်​ဟု​ကြား​သိ​သ​ဖြင့်

13. စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​လျက် ကိုယ်​တော်​ကို​ကြို​ဆို​ရန် ထွက်​သွား​ကြ​၍ “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ကြွ​လာ​တော်​မူ​သော​အ​ရှင်၊ အစ္စ​ရေး​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

14. ယေ​ရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်​မူ​၏။

15. ဤ​သည်​ကား “ဇိ​အုန်​သ​မီး၊ မ​ကြောက်​နှင့်။ ကြည့်​ရှု​လော့။ သင်​၏​ရှင်​ဘု​ရင်​သည် မြည်း​က​လေး​ကို​စီး​၍ ကြွ​လာ​တော်​မူ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

16. ဤ​အ​ရာ​များ​ကို တ​ပည့်​တော်​တို့​သည် အ​စ​က နား​မ​လည်​ခဲ့​ကြ။ သို့​သော် ယေ​ရှု​ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​တော်​မူ​သော​အ​ခါ​မှ​သာ ဤ​အ​ရာ​များ​သည် ကိုယ်​တော်​ကို​ရည်​ညွှန်း​၍ ရေး​ထား​ခဲ့​ခြင်း​ဖြစ်​ပြီး လူ​တို့​သည် ကိုယ်​တော်​အ​ပေါ် ထို​အ​တိုင်း​ပြု​ခဲ့​ကြောင်း​ကို ပြန်​လည်​သ​တိ​ရ​ကြ​၏။

17. ယေ​ရှု​သည် လာ​ဇ​ရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​စဉ်​က ကိုယ်​တော်​နှင့်​အ​တူ​ရှိ​ခဲ့​သော လူ​ထု​ပ​ရိ​သတ်​တို့​သည် ထို​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။

18. လူ​ထု​ပ​ရိ​သတ်​တို့​သည် ကိုယ်​တော်​ကို​ဆီး​ကြို​ကြ​ခြင်း​မှာ ဤ​သို့​သော​နိ​မိတ်​လက္ခ​ဏာ​ကို ကိုယ်​တော်​ပြု​တော်​မူ​ကြောင်း ကြား​သိ​ခဲ့​ကြ​သော​ကြောင့်​လည်း​ဖြစ်​၏။

19. ထို့​ကြောင့် ဖာ​ရိ​ရှဲ​တို့​က “တွေ့​သ​လော။ သင်​တို့​လုပ်​ရပ်​တစ်​ခု​မျှ​အ​ကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်​ကမ္ဘာ​လုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

20. ပွဲ​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ​၌ ဂ​ရိ​လူ​မျိုး​အ​ချို့​ပါ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12