ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:47-50 Myanmar Standard Bible (MSB)

47. တစ်​စုံ​တစ်​ယောက်​သည် ငါ့​စ​ကား​တို့​ကို​ကြား​လျက် မ​စောင့်​ထိန်း​လျှင်​လည်း ငါ​သည် ထို​သူ​ကို​ပြစ်​ဒဏ်​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား ဤ​လော​က​ကို ပြစ်​ဒဏ်​စီ​ရင်​ရန် ငါ​လာ​သည်​မ​ဟုတ်။ ဤ​လော​က​ကို ကယ်​တင်​ရန် ငါ​လာ​၏။

48. ငါ့​ကို​ငြင်း​ပယ်​၍ ငါ့​စ​ကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်​ဒဏ်​စီ​ရင်​သော​သူ​ရှိ​၏။ ငါ​ဟော​ပြော​ခဲ့​သည့်​တ​ရား​စ​ကား​က​ပင် နောက်​ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မည်။

49. အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​ဟော​ပြော​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ကိုယ်​တိုင် ငါ​မည်​သို့​မြွက်​ဆို​၍ မည်​သို့​ဟော​ပြော​ရ​မည်​ကို ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။

50. ခ​မည်း​တော်​၏​အ​မိန့်​တော်​သည် ထာ​ဝ​ရ​အ​သက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့​ကြောင့် ငါ​ဟော​ပြော​သော​အ​ရာ​တို့​ကို ခ​မည်း​တော်​က ငါ့​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​ဟော​ပြော​၏”​ဟု ကြွေး​ကြော်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12