ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:4-8 Myanmar Standard Bible (MSB)

4. သို့​သော် တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​ပြီး ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​သူ ယု​ဒ​ဣ​ရှ​ကာ​ရုတ်​က

5. “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​အား မ​ပေး​ကမ်း​ခဲ့​သ​နည်း”​ဟု ဆို​၏။

6. ထို​သို့​ဆို​ခြင်း​မှာ သူ​သည် ဆင်း​ရဲ​သား​တို့​၏​အ​ကျိုး​ကို ထောက်​ထား​ငဲ့​ညှာ​၍​မ​ဟုတ်​ဘဲ မိ​မိ​သည် သူ​ခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်း​သိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

7. ထို့​ကြောင့် ယေ​ရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အ​တွက် သူ​သည် ဤ​ဆီ​မွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်​၍ သူ​ပြု​လို​ရာ​ပြု​ပါ​စေ။

8. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​တွင်​အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​တွင်​အ​စဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12