ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:27-35 Myanmar Standard Bible (MSB)

27. ယ​ခု ငါ့​စိတ်​ပူ​ပန်​လျက်​ရှိ​၏။ ငါ​မည်​သို့​လျှောက်​ရ​ပါ​မည်​နည်း။ ‘အို အ​ဖ၊ ဤ​အ​ချိန်​နာ​ရီ​မှ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ’​ဟူ​၍ လျှောက်​ရ​ပါ​မည်​လော။ သို့​ရာ​တွင် ငါ​သည် ဤ​အ​တွက်​ကြောင့် ယ​ခု​အ​ချိန်​နာ​ရီ​သို့ ရောက်​လာ​ခဲ့​၏။

28. ‘အို အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​အား ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပါ’”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ “ငါ​သည် ဘုန်း​တော်​ထင်​ရှား​စေ​ခဲ့​ပြီ။ နောက်​တစ်​ဖန်​လည်း ထင်​ရှား​စေ​ဦး​မည်”​ဟု ကောင်း​ကင်​မှ​အ​သံ​တော်​လာ​၏။

29. အ​နီး​နား​၌​ရပ်​နေ​၍ ထို​အ​သံ​ကို​ကြား​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​က “မိုး​ချုန်း​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “ကောင်း​ကင်​တ​မန်​က သူ့​ကို​မြွက်​ဆို​သည်”​ဟု ဆို​ကြ​၏။

30. ယေ​ရှု​က​လည်း “ဤ​အ​သံ​တော်​သည် ငါ့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​လာ​၏။

31. ယ​ခု​သည် ဤ​လော​က​၏​တ​ရား​စီ​ရင်​ခြင်း​ကာ​လ​ဖြစ်​၏။ ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ယ​ခု နှင်​ထုတ်​ခြင်း​ခံ​ရ​မည်။

32. ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို ငါ့​ထံ​သို့​ဆွဲ​ငင်​မည်”​ဟု မိန့်​တော်​မူ​၏။

33. ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ မိ​မိ​သည်​မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အ​သေ​ခံ​ရ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

34. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​က “ခ​ရစ်​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ​၏​ဟု ပ​ညတ်​တ​ရား​ကျမ်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​ကြား​သိ​ထား​သည်။ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် ‘လူ့​သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သ​နည်း။ ဤ​လူ့​သား​ဆို​သူ​မှာ မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

35. ယေ​ရှု​က​လည်း “အ​လင်း​သည် သင်​တို့​တွင် နောက်​ထပ် ခ​ဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်​မိုက်​မ​လွှမ်း​မိုး​စေ​ရန် အ​လင်း​ရှိ​ခိုက် သွား​လာ​ကြ​လော့။ မှောင်​မိုက်​၌​သွား​လာ​သော​သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12