1. ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။
2. လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေသူများထဲတွင် လာဇရုလည်းပါ၏။
3. ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းသပ်ကာ မိမိဆံပင်နှင့် ခြေတော်ကိုသုတ်သဖြင့် ထိုဆီမွှေး၏ရနံ့သည် တစ်အိမ်လုံးပျံ့နှံ့လေ၏။