ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:1-15 Myanmar Standard Bible (MSB)

1. ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ ခြောက်​ရက်​အ​လို​တွင် ယေ​ရှု​သည် ဗေ​သ​နိ​ရွာ​သို့​ကြွ​တော်​မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲ​မှ ယေ​ရှု​ထ​မြောက်​စေ​ခဲ့​သော လာ​ဇ​ရု​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​၏။

2. လူ​တို့​သည် ထို​အ​ရပ်​၌ ကိုယ်​တော်​အ​တွက် ည​စာ​ကို​ပြင်​ဆင်​ကြ​ပြီး မာ​သ​သည် ဧည့်​ဝတ်​ပြု​နေ​၏။ ကိုယ်​တော်​နှင့်​အ​တူ စား​ပွဲ​၌​ထိုင်​နေ​သူ​များ​ထဲ​တွင် လာ​ဇ​ရု​လည်း​ပါ​၏။

3. ထို​အ​ခါ မာ​ရိ​သည် အ​လွန်​တန်​ဖိုး​ကြီး​သော နာ​ဒု​ဆီ​မွှေး​အ​စစ်​နှစ်​ဆယ်​သား​ကို​ယူ​၍ ယေ​ရှု​၏​ခြေ​တော်​ကို​လိမ်း​သပ်​ကာ မိ​မိ​ဆံ​ပင်​နှင့် ခြေ​တော်​ကို​သုတ်​သ​ဖြင့် ထို​ဆီ​မွှေး​၏​ရ​နံ့​သည် တစ်​အိမ်​လုံး​ပျံ့​နှံ့​လေ​၏။

4. သို့​သော် တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​ပြီး ကိုယ်​တော်​ကို​အပ်​နှံ​တော့​မည့်​သူ ယု​ဒ​ဣ​ရှ​ကာ​ရုတ်​က

5. “အ​ဘယ်​ကြောင့် ဤ​ဆီ​မွှေး​ကို ဒေ​နာ​ရိ​သုံး​ရာ​နှင့်​ရောင်း​၍ ဆင်း​ရဲ​သား​တို့​အား မ​ပေး​ကမ်း​ခဲ့​သ​နည်း”​ဟု ဆို​၏။

6. ထို​သို့​ဆို​ခြင်း​မှာ သူ​သည် ဆင်း​ရဲ​သား​တို့​၏​အ​ကျိုး​ကို ထောက်​ထား​ငဲ့​ညှာ​၍​မ​ဟုတ်​ဘဲ မိ​မိ​သည် သူ​ခိုး​ဖြစ်​ပြီး ငွေ​အိတ်​ကို​ထိန်း​သိမ်း​ရင်း ထည့်​ဝင်​ငွေ​ကို နှိုက်​ယူ​လေ့​ရှိ​သော​ကြောင့်​ဖြစ်​၏။

7. ထို့​ကြောင့် ယေ​ရှု​က “ငါ့​ကို​သင်္ဂြိုဟ်​မည့်​နေ့​အ​တွက် သူ​သည် ဤ​ဆီ​မွှေး​ကို​သိမ်း​ထား​ခဲ့​သည်​ဖြစ်​၍ သူ​ပြု​လို​ရာ​ပြု​ပါ​စေ။

8. အ​ကြောင်း​မူ​ကား ဆင်း​ရဲ​သား​တို့​သည် သင်​တို့​တွင်​အ​စဉ်​ရှိ​ကြ​၏။ ငါ​မူ​ကား သင်​တို့​တွင်​အ​စဉ်​ရှိ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

9. များ​စွာ​သော​ဂျူး​လူ​မျိုး​အ​စု​အ​ဝေး​သည် ထို​အ​ရပ်​၌ ယေ​ရှု​ရှိ​တော်​မူ​ကြောင်း​ကို ကြား​သိ​သ​ဖြင့် ယေ​ရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​လည်း​တွေ့​မြင်​ရ​ရန် ရောက်​လာ​ကြ​၏။

10. ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် လာ​ဇ​ရု​ကို​လည်း​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

11. အ​ဘယ်​ကြောင့်​ဆို​သော် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် လာ​ဇ​ရု​ကြောင့် သူ​တို့​ကို​စွန့်​ခွာ​၍ ယေ​ရှု​ကို​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

12. နောက်​တစ်​နေ့​တွင် ပွဲ​တော်​သို့​ရောက်​လာ​သည့် များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​မည်​ဟု​ကြား​သိ​သ​ဖြင့်

13. စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​လျက် ကိုယ်​တော်​ကို​ကြို​ဆို​ရန် ထွက်​သွား​ကြ​၍ “ဟော​ရှဏ္ဏ၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ကြွ​လာ​တော်​မူ​သော​အ​ရှင်၊ အစ္စ​ရေး​ဘု​ရင်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း”​ဟု ကြွေး​ကြော်​ကြ​၏။

14. ယေ​ရှု​သည် မြည်း​ငယ်​ကို​တွေ့​၍ စီး​တော်​မူ​၏။

15. ဤ​သည်​ကား “ဇိ​အုန်​သ​မီး၊ မ​ကြောက်​နှင့်။ ကြည့်​ရှု​လော့။ သင်​၏​ရှင်​ဘု​ရင်​သည် မြည်း​က​လေး​ကို​စီး​၍ ကြွ​လာ​တော်​မူ​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12