ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:19-32 Myanmar Standard Bible (MSB)

19. များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​သ​နှင့်​မာ​ရိ​တို့​ကို သူ​တို့​၏​မောင်​အ​တွက်​နှစ်​သိမ့်​ရန် သူ​တို့​ထံ​သို့​ရောက်​နေ​ကြ​၏။

20. မာ​သ​သည် ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို​ကြား​သော​အ​ခါ ကိုယ်​တော်​ကို​ဆီး​ကြို​လေ​၏။ မာ​ရိ​မူ​ကား အိမ်​၌ ထိုင်​လျက်​နေ​၏။

21. မာ​သ​က ယေ​ရှု​အား “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။

22. သို့​သော် ဘု​ရား​သ​ခင်​ထံ ကိုယ်​တော်​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း ယ​ခု​လည်း ကျွန်​မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။

23. ယေ​ရှု​က​လည်း “သင်​၏​မောင်​သည် ထ​မြောက်​မည်”​ဟု မိန့်​တော်​မူ​လျှင်

24. မာ​သ​က “နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သူ​ထ​မြောက်​မည်​ကို ကျွန်​မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

25. ယေ​ရှု​က​လည်း “ငါ​သည် ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အ​သက်​ရှင်​လိမ့်​မည်။

26. အ​သက်​ရှင်​နေ​လျက် ငါ့​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ​မ​သေ​ရ။ ဤ​အ​ရာ​ကို သင်​ယုံ​ကြည်​သ​လော”​ဟု မိန့်​တော်​မူ​၏။

27. မာ​သ​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား။ ကိုယ်​တော်​သည် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ကျွန်​မ​ယုံ​ကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။

28. ထို​သို့​လျှောက်​ထား​ပြီး​နောက် မာ​သ​သည် ပြန်​သွား​၍ မိ​မိ​၏​ညီ​မ မာ​ရိ​ကို​ခေါ်​လျက် “ဆ​ရာ​ရောက်​လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်​တ​ဆိတ်​ပြော​လေ​၏။

29. မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လျင်​အ​မြန်​ထ​၍ ကိုယ်​တော်​ထံ​သို့​သွား​လေ​၏။

30. ယေ​ရှု​မူ​ကား ရွာ​ထဲ​သို့​မ​ဝင်​သေး​ဘဲ သူ့​အား မာ​သ​ဆီး​ကြို​ခဲ့​သော​အ​ရပ်​၌​ပင် ရှိ​တော်​မူ​၏။

31. အိမ်​၌ မာ​ရိ​နှင့်​အ​တူ​ရှိ​၍ သူ့​ကို​နှစ်​သိမ့်​နေ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​ရိ​အ​လျင်​အ​မြန်​ထ​၍ ထွက်​သွား​သည်​ကို​မြင်​ကြ​လျှင် ငို​ကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်​မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။

32. မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်​၍ ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11