7. ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။
8. ငါ့ထက်အလျင်ဦးစွာရောက်လာသောသူရှိသမျှတို့သည် သူခိုးများ၊ ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကိုနားမထောင်ခဲ့ကြ။
9. ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
10. သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးရန်သာ လာတတ်၏။ ငါမူကား သိုးတို့အား အသက်ကိုရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာရရှိစေရန်လာ၏။
11. ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။