ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:33-37 Myanmar Standard Bible (MSB)

33. ဂျူး​လူ​မျိုး​တို့​က “ကောင်း​သော​အ​မှု​ကြောင့် သင့်​ကို​ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​နှင့်​ပင် သင့်​ကိုယ်​သင် ဘု​ရား​အ​ယောင်​ဆောင်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​သော​ကြောင့်​ဖြစ်​၏”​ဟု ပြန်​ပြော​ကြ​၏။

34. ယေ​ရှု​က “သင်​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​တွင် ‘ငါ​ဆို​သည်​ကား သင်​တို့​သည် ဘု​ရား​များ​ဖြစ်​ကြ​၏’​ဟူ​၍ ရေး​ထား​သည်​မ​ဟုတ်​လော။

35. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ရ​ရှိ​သော​သူ​တို့​အား ‘ဘု​ရား​များ’​ဟု ခေါ်​လျှင် ကျမ်း​စာ​သည် မ​ပျက်​ပြယ်​နိုင်​သည်​ဖြစ်​၍

36. ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ​လျက် ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သော​သူ​က ‘ငါ​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်’​ဟု ဆို​သော​အ​ခါ ‘ဘု​ရား​သ​ခင်​ကို​စော်​ကား​သည်’​ဟု ထို​သူ​အား သင်​တို့​ဆို​ကြ​သ​လော။

37. ငါ​သည် ငါ့​ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို မ​ဆောင်​ရွက်​လျှင် ငါ့​ကို​မ​ယုံ​ကြည်​ကြ​နှင့်။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10